မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မနောက်ရပ်ကွက် အတွင်းရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းကို ဇန်နဝါရီလ (၁၄) ရက်နေ့နှင့် (၁၅) ရက် နေ့တို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။