စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စပါးသီးနှံအာဟာရဓာတ် ချို့တဲ့မှုနှင့်အဆိပ်သင့်မှု လက္ခဏာများနည်းပညာပေးသင်တန်း မုံရွာမြို့တွင်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီးမြေ အသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း စပါးသီးနှံအာဟာရဓာတ်ချို့တဲ့မှုနှင့် အဆိပ်သင့်မှုလက္ခဏာများ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။