သရက်မြို့ နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနီယပွဲတော်နှင့် (၃)နှစ်တစ်ကြိမ် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကျင်းပ

သရက် ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနီယပွဲတော်နှင့်(၃)နှစ်တစ်ကြိမ် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံပွဲကျင်းပပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက သတ္တဌာနဘုရားကြီး၊ မြတ်စွယ်တော် ဂန္ဓကုဋီတိုက်တွင် ကျင်းပခဲ့ရာနမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများက “ဇယံကော ဗောဓိယာမူလေ” အစချီသော အောင်ဂါထာတော်များရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ဩဝါဒါစရိဥက္ကဋ္ဌဆရာတော် ဦးသစ္စာနန္ဒထံမှ (၈)ပါးသီလခံယူစောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်များ အားဝတ္ထုငွေများဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်အား ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းက ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ ဗုဒ္ဓမြတ်စွယ်တော်အား (၃)နှစ်တစ်ကြမ် မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံရန် ဆရာတော်ကြီးများက လျှောက်ထားပေးခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံမည့် ကရဝိတ်ယာဉ်ပေါ်သို့ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က လက်ဆင့်ကမ်းပင့်ဆောင်ခဲ့ပြီး မြို့တွင်းသို့ လှည့်လည်အပူဇော်ခံကြွရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)