ကော့သောင်းမြို့၌ MEVM မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများအား မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်

ကော့သောင်း ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာ၂၈ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရန် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သတ်မှတ်မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်၊မြို့နယ်စီမံခန့်ခွဲ‌‌ ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ လမ်းညွှန်စီမံမှုဖြင့် ကော့သောင်းမြို့နယ်၊ ရပ်ကွက် (၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀)စုရှိ မဲရုံ (၆၀)ရုံသို့ သတ်မှတ်လမ်းကြောင်းများအတိုင်း MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား တာဝန်ကျမဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့များဖြင့် အသီးသီးပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)