လွိုင်ကော်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ နွေနှမ်းစိုက် တောင်သူများသို့ နှမ်းမျိုးစေ့၊ ရေစုပ်စက်များပေးအပ်၊ နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ပွဲ ပြုလုပ်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ တောင်သူများနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ တတိယသီးနှံနွေနှမ်း ဧက(၅၀၀)အား ရေတင်စိုက်ပျိုးမည့် တောင်သူများအား မျိုးနှမ်း၊ ရေစုပ်စက်များ ပေးအပ်ခြင်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သက်သောနှုန်းထားဖြင့် ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးအပ်ခြင်း အခမ်းအနား ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။