ဖျာပုံမြို့နယ်သို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ယနေ့နံနက် (၁) နာရီ (၃၀) အချိန်ခန့်က မအူပင်ခရိုင်မှတစ်ဆင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သီရိအဏ္ဏဝါခန်းမတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ များကို ဒီဇင်ဘာလ ၃၁ ရက်မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်  စာစီစာကုံး ၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးနှင့် ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဟာအောင်မြေမြို့နယ်၊ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် (၇၈) နှစ် မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ဒီဇင်ဘာ ၃၁ ရက်ကစတင်ကာ အဆိုပါ တက္ကသိုလ်တွင်း၌ကျင်းပခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) ခွဲနာရီအချိန်က အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ကျုံပျော်မြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပပြုလုပ်

လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို အနာဂတ်၏ ကြယ်ပွင့်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်သည်။

သထုံမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုတ္တမကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းအနောက်ရှိ၊ မာဂဒူခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေဦး၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်နှင့် မုတ္တမကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
Subscribe to