စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကာတွန်း‌ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ဖွင့်လှစ်သည်။

ပုဗ္ဗသီရီမြို့နယ်၌ ယစ်မျိုးအခွန်ငွေပေးသွင်းခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ယစ်မျိုးလုပ်ငန်းရှင်များအား ယစ်မျိုးအခွန်ငွေပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်‌ချုပ်ရေးဦးစီးဌာနရုံး၊  အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်သာမြို့၌ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ အမှတ် ၆ ရပ်ကွက်အတွင်ရှိဗိမာန်၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ် သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်)တန်းများ ဆက်လက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲများ ပြသ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့၊ စိုက်ပျိုးတောင်သူများ၊ စက်သုံးဆီလုပ်ငန်းရှင်များတို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဖွင့်လှစ်ပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာ

မြဝတီ-ကော့ကရိတ်-ဘားအံသွား အာရှလမ်းမကြီးအား ဧပြီ ၂ ရက်မှစတင်၍ ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် အာရှလမ်းမကြီးကို ပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံပျိုးပင်ပေါင်း   ၂၁၅၀၀၀  ပင် စိုက်ပျိုးမည်

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင်ကို စိုက်ပျိုးသွားရန် ပြည်နယ်သစ်တောဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် ပျိုးခြံများဖြင့် ပျိုးပင်များပျိုး ထောင်ထားရှိရာ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ဘားအံမြို့နယ်တောင်က လေးတိုးချဲ့ မြို့ပြအိမ်ရာစီမံကိန်းဧရိယာအတွင်းရှိ တောင်ကလေးအမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်း၌ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန တွင် Essay & Letter ရေးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၈ နာရီက Essay & Letter ရေးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to