လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်​/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာများရှိ စာကြည်တိုက်များဖွံဖြိုးတိုးတက် ရှင်သန်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက် ၅၂ လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရမည်းသင်းမြို့တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဦးထွန်းထွန်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်တွင် KTV များ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများများနှင့် ပူးပေါင်း၍ လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးပြုသည့်ပစ္စည်းများ အဆင်သင့်ထားရှိရန်၊ ဆိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့်

ကျိုက်မရော မြို့နယ်၌ ဌာနဆိုင်ရာ ရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော  မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများမီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဒီဇင်ဘာ  ၁၂ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

သာကေတမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သာကေတမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အမေ့ရင်ခွင် မူကြိုကျောင်းတွင် အားကစားပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အမေ့ရင်ခွင်မူကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဒီဇင်ဘာ အားကစားလ အထိမ်းအမှတ် မူကြိုကလေးများအား အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး အားကစားပြိုင်ပွဲမှတစ်ဆင့် ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာ၌ ကျင်းပသည်။

မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ ရောက်ရှိနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ installation ပြုလုပ်နေမှု့ကို ယနေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များမှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်စာအုပ် ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်စာအုပ် ဖြန့်ဝေပေးခြင်းအခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to