နေပြည်တော် ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ယစ်မျိုးလုပ်ငန်းရှင်များအား ယစ်မျိုးအခွန်ငွေပေးဆောင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ဇေယျာသီရိခရိုင်၊ စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကောက်မတီဥက္ကဋ္ဌ ဦးစောနိုင်က အဖွင့်အမှာစကားကြားပြောပြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာန(ရုံးချုပ်)၊ ယစ်မျိုးနှင့်အခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းအောင်က ယစ်မျိုးခွန်ပေးသွင်းခြင်းဆိုင်ရာ အချက်အလက်များနှင့် ယစ်မျိုးအခွန်များကို Digital Online Payment များဖြင့် ပေးဆောင်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဇဘဏ်မှ တာတန်ရှိသူတစ်ဦးက KBZ Bill Payment System ၊ KBZ Mobile Banking ၊ KBZ Internet Banking ၊ KBZ Agent နှင့် KBZ Bank ခွဲ စသည်များမှ ငွေပေးဆောင်ပုံအဆင့်ဆင့်နှင့် ယစ်မျိုးခွန်ပေးဆောင်နိုင်သည့် ကာလအပိုင်းအခြားများ အကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ယစ်မျိုးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ယစ်မျိုးလုပ်ငန်းရှင် စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)