စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကာတွန်း‌ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

စမ်းချောင်း ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ဖွင့်လှစ်သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ ဦးလှသိန်းက သင်တန်းတွင်သင်ကြားပို့ချမည့် အခြေခံကာတွန်းရေးဆွဲနည်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဧပြီလ (၂) ရက် နေ့မှ ဧပြီ လ (၂၄) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)