ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧဝံဂေလိဓမ္မကောလိပ်၏ (၆၁)ကြိမ်မြောက် ဓမ္မဘွဲ့နှင်းသဘင်နှင့် မိသားစုခရစ္စမတ်ပွဲတော်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း (အင်ဂျန်ဒုံ) ရပ်ကွက်အတွင်းရှိ ဧဝံဂေလိဓမ္မ ကောလိပ်၏ (၆၁)ကြိမ်မြောက် ဓမ္မဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အဆိုပါ ကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူ များတက်ရောက်အားပေးခဲ့ကြသည်။