တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ယမန်နေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တာချီလိတ်မြို့၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ တာချီလိတ် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးသည့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဖြေဆိုမှုနှင့်ပတ်သက်၍ သုံးသပ်အစည်းအဝေးသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဖြေဆိုမှုနှင့်ပတ်သက်၍ သုံးသပ်အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ညောင်ရွှေမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြောကြားခြင်းနှင့် လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ၂၄ နာရီလျှပ်စစ်မီးဖွင့်လှစ်ခြင်းကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ဘော်လပတ်ကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

‎ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို မတ် ၂၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ‌တော်ကို လမ်း‌လျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ မွန်ပြည်နယ် ပေါင်မြို့နယ်၌လည်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးထင်လင်း‌အောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အာကာသပြတိုက် (ရန်ကုန်) ၌ အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အာကာသပြတိုက် (ရန်ကုန်) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ မျိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အုတ်တွင်းမြို့နယ် သံဘိုကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများသတ္တမအကြိမ်ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်း ရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သံဘိုကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစားသင်တန်းများ ဆင်းပွဲ ကျင်းပ

ကျောင်းသား၊‌ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ‌စေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစား သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်‌ ရောက်ခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာရုံး၊ အဆောက်အအုံများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

နွေရာသီသို့ရောက်ရှိပြီး ပူပြင်းခြောက်သွေ့‌လာခြင်း‌ကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မတ် ၃၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။
Subscribe to