ကော့ကရိတ် ဧပြီ ၃
မြဝတီ-ကော့ကရိတ်-ဘားအံသွား အာရှလမ်းမကြီးအား ဧပြီ ၂ ရက်မှစတင်၍ ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် အာရှလမ်းမကြီးကို ပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးကို အသုံးပြုသွားလာနေကြသည့် အိမ်စီးကားများ၊ ခရီးသည်မော်တော်ယာဉ်များ၊ ဘုရားဖူးယာဉ်များနှင့် မော်တော်ဆိုင်ကယ်များတွင် စီးနင်းလိုက်ပါလာသော မိသားစုဝင်များ၊ ခရီးသည်များအား အာရှလမ်းမကြီးအတိုင်း လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာနေမှုအပေါ် “အချိန်တိုတိုလမ်းကောင်းကောင်းသွားလာရသည်ဟု” မြဝတီမြို့သို့ ခရီးသွားလာသူတစ် ဦး၏ ရင်တွင်းစကားသံများလည်းကြားသိရသည်။ အလားတူ အာရှလမ်းမကြီးကို အသုံးပြုသွားလာကြသည့် ပြည်သူများမှလည်း“အစစ်ဆေးမရှိ၊ ငွေကြေး ကောက်ခံခြင်းမရှိ၊ လမ်းကအပျက်အဆီး နည်းပါးပြီး အချိန်ကုန်သက်သာစွာ လိုရာခရီးမြန်မြန်ရောက်သည်ဟု “ရင်တွင်းစကားသံများကြား သိရသည်။
ထိုသို့ အေးချမ်းစွာဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကော့ကရိတ်မြို့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ဒုတိယစစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး အောင်သက်ထွေး၊ အမှတ်(၉၇) ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးကြီးမျိုးအောင်၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ တံတားကျိုး ပူးပေါင်းစစ်ဆေးရေးစခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ဒုညွှန်မှူး၊ ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြီးကြပ်အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)