ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားရှိပြီး၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကာ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေပြီး ချည်မျှင်ရှည်ဝါစိုက်တောင်သူများ ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။