ကရင်တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ (၃)ကြိမ်မြောက် ကရင်စာပေမွမ်းမံသင်တန်းဆင်း

အခြေခံပညာကျောင်းများတွင် ကရင်တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းက ကြီးမှူးဖွင့်လှစ်သော (၃)ကြိမ်မြောက်ကရင် စာပေမွမ်းမံသင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်း သားများရိပ်သာ အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ Fire Hotspot လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မီးလောင်မှု Fire Hotspot လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များ ဖြစ်ပေါ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက  ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ပြင်ဦးလွင်ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။  

သာယာဝတီမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ နေရောင်ခြည်သုံး ဆိုလာရေတင်စနစ်ဖြင့် နွေစပါးနှင့် စိုက်ပျိုးသီးနှံများအတွက် ရေပေးဝေလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးနှင့် စိုက်ပျိုးသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နေရောင်ခြည်သုံး ဆိုလာရေတင်စနစ်ဖြင့် မင်းကံရိုးကျေးရွာ ဧရိယာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး ရေပေးဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ငါး/ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ်

ငါး/ပုစွန်သားပေါက်ပွားသည့် ရာသီချိန်၌ ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ (၁) ရက်မှစတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမဖမ်းရကာလ (၃) လ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်းရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့များက မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အကအလှများ ဖျော်ဖြေနိုင်​ရေးနှင့် ယိမ်းအကများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မော်လမြိုင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါန ငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပသည့် ဘားအံစာဖြေဌာနသို့သွားရောက်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၉) ရပ်ကွက်ရှိ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ဘားအံစာဖြေဌာန၌ မတ်လ (၂၉) ရက်၊ မွန်းတည့် (၁၂) နာရီချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to