ဝမ်းတွင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဝမ်းတွင်း ဇန်နဝါရီလ ၇

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ရွေးကောက် ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းဈေးကြီး၊ သဲတော-ဝမ်းတွင်း လမ်းမကြီးဘေးရှိ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပစ္စည်းနှင့် ဝပ်ရှော့ဆိုင်များ၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)ရှေ့ရှိ ကျောင်းသားမိဘများ၊ လဝကရုံးရှိ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။            

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော် ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံ ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဝမ်းတွင်းဈေးကြီး၊ သဲတော-ဝမ်းတွင်း လမ်းမကြီးဘေးရှိ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပစ္စည်းနှင့် ဝပ်ရှော့ဆိုင်များ၊  အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)ရှေ့ရှိ ကျောင်းသားမိဘများ၊ လဝကရုံးရှိ ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်အတွင်း၌ မဲရုံပေါင်း ၂၁၈ ရုံရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)