တံတားဦးမြို့နယ်၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး  

တံတားဦး ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အနေဖြင့် ပါတီစုံဒီံမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း-၂ တွင် ကျင်းပမည့် ရွှေမိုးမြေကျေးရွာ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းပြီး လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။ ကွင်းဆးင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံတာဝန်ကျ ဌာနဆိုင်ရာများအား ပြောကြားရာတွင် မဲရုံများ စနစ်တကျ ခင်းထားရှိရေး၊ အလင်းနည်းပါးသည့် မဲရုံများအား အလင်းရောင်ကောင်းစွာရရှိရေး၊ မဲရုံအတွင်း၊ အပြင်သန့်ရှင်းရေး၊ မဲရုံသွားရာလမ်းတစ်လျှောက် သန့်ရှင်းရေးနှင့် လုံခြုံရေးတို့ကိုလည်း အလေးထားဆောင်ရွက်ကြစေရေးတို့ ပြောကြားသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရေခါးကျေးရွာ၊ ချောင်းခွကျေးရွာနှင့် ငါးဇင်ရိုင်းကျေးရွာတို့တွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)