သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတွင် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် (အကြို) နှစ်ဦးတရားပွဲ ကျင်းပပြုလုပ်မည်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆုတောင်းပြည့် ဆံတော်ရှင်စေတီတွင် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်(အကြို) နှစ်ဦးတရားပွဲအား သာသနာတော်နှစ် ၂၅၆၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊ ခရစ်နှစ် ၂၀၂၆ ခု၊ ပြာသိုလပြည့်ကျော် (၁၃) ရက်နေ့မှ တပို့တွဲလဆန်း (၁) ရက်နေ့၊၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့ ထိညနေ ၆း၃၀ အချိန် ကျိုက္ကစံစေတီတော် ဝတ္တကမြေ အနောက်ဘက်မုခ်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။