ဆီဆိုင်မြို့နယ်တွင် နွေစပါးရေကြီးနစ်မြုပ်သွားသည့် တောင်သူများအား စပါးမျိုးစေ့များ ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု နောင်စန့်ကျေရွာတွင် ရှမ်းလူငယ်များကွန်ယက်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှပူးပေါင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နွေးစပါးရေကြီးနစ်မြုပ်သွားသည့် တောင်သူများအား စပါးမျိုးစေ့များပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။