ကော့မှူးတွင် သွားနှင့် ခံတွင်းဆိုင်ရာအသိပညာ‌ပေး ဟောပြော

ကျောင်းနေအရွယ် ကျောင်းသား/ သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိနိုင်စေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်မြှင့်မားစေ‌ရန် ရည်ရွယ်၍  ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်  ကော့မှူးမြို့နယ် အခြေခံမူလတန်းလွန်ကျောင်း မူလွန်(ပြည်တော်သာ)နှင့် အ.မ.က(မြို့သစ်)ကျောင်းများ၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန်ကြီး ဒေါက်တာကွန်စတန်နှင့် ဝန်ထမ်းများက အသိပညာပေး ဟောပြောခြင်းနှင့်  ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကော့မှူးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီခွဲအချိန်က  မိုင်းရှူးမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌‌ရေး နည်းပညာ‌ပေးဆွေးနွေးပွဲ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ‌‌ရေး တောင်သူများအားနည်းပညာ‌ပေးဆွေးနွေးပွဲကို ယမန်‌နေ့က သရက်တော‌ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးရုံးနှင့်တောင်ညို‌‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့ကြသည်။

တွံတေးမြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ တွံတေးမြို့၊ အ.မ.က(ကျွန်းတောတိုးချဲ့)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ နေလယ် ၁ နာရီခွဲအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊   ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ရရှိ

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်အိတ်များ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ၊တင်းချောင်းကျေးရွာအုပ်စုတွင် ,အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့်  မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်အိတ်များပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁၁ နာရီက တင်းချောင်းကျေးရွာအုပ်စု၊ ဆင်မှုံသစ်တောကြိုးဝိုင်းဆင်စခန်းရှိ ယာယီ‌နေရပ်စွန့်ခွာသူများအား တင်းချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ဆောင်းရာသီ ဆီထွက်သီးနှံ ဧက တစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းရာသီ ဆီထွက်သီးနှံ စုစုပေါင်းဧက တစ်သောင်း လေးထောင်ကျော်စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရှိရသည်။
Subscribe to