လိပ်သိုဒေသထွက် ငရုပ်သီးခြောက်များ ဈေးကောင်းရရှိ

လိပ်သို ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် တောင်ပေါ်ကုလားအော်ငရုပ်သီးမျိုးများကို ဒေသခံတောင်သူများက အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက် ရှိသည်။

အဆိုပါ တောင်ပေါ်ကုလားအော် ငရုပ်သီးများကို ဒေသခံများက မိမိတို့၏ တောင်ယာခင်းများတွင် အများဆုံး စိုက်ပျိုးထားကြပြီး ဆွတ်ခူးအခြောက်လှန်းကာ စနစ်တကျ ထုပ်ပိုးသိုလှောင်ပြီး ရောင်းချလျက်ရှိနေကြောင်း၊ ယခုဆောင်းရာသီကာလတွင် တောင်ပေါ်ကုလားအော် ငရုပ်သီးခြောက် တစ်ပိဿာလျှင် (၅၀၀၀ဝိ/-) ကျပ်မှ (၆၀၀၀ဝိ/-) ကျပ်အထိ စျေးရရှိနေကြောင်း သိရသည်။

လိပ်သိုဒေသတွင် တောင်ပေါ်ကုလားအော်သီးများအပြင် ယာဒိုပဒေါင် ငရုပ်သီး၊ ရုရှားသီး၊ မိုးမျှော်သီးစသော ငရုပ်မျိုးများကိုလည်း စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

နော်ဖလောရင်း