ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ဒေးဒရဲ နိုဝင်ဘာ ၇ အေဇာလင်း

နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက ရှားဖြူကုန်း (၁) အ.မ.ကကျောင်း၌ ပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့ အမှတ် (၂) အ.မ.က၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ငါန်းဇွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် သုတရသစာအုပ်စာစောင်ပြပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းကို အောက်တိုဘာ (၁၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်(၉)နာရီက သင်တန်းဆင်းပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တံတားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်​အကြို ဟောပြောပွဲ  နှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

မူဆယ်မြို့တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ကောင်းမူး) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး) သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

မိုင်းပျဥ်းမြို့၊ အမက-ယမ်းမိုင်ကျောင်းသို့ နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို  ယနေ့နံနက် ၁၀ နာရီက အမက (ယမ်းမိုင်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ( ၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့နံနက် (၉) နာရီအချိန်၌ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း းသိရသည်။

မိုးနဲမြို့နယ် လင်ဖူးကျေးရွာ၌ သောက်သုံးရေရရှိရေး တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နောင်လိုင်ကျေးရွာအုပ်စု ၊လင်ဖူးကျေးရွာ နေဒေသခံပြည်သူများ နွေရာသီသောက်သုံးရေဖူလုံစွာရရှိရေးအတွက် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းနှင့်ဆက်စပ်သောလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများက ယမန်နေ့နက်နက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to