တနင်္သာရီ ဇန်နဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲရုံပြုလုပ်မည့် စာသင်ကျောင်းများတွင် လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုအခြေအနေများ၊ မဲရုံအတွင်းခန်းများ အလင်းရောင်ကောင်းစွာရရှိမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)