ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြောင်းနှင့်ပတ်သက်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့မွန်းလွဲ(၁)နာရီက ညောင်လေးပင်မြို့ အ.မ.ကမူလွန် မယ်ဇလီခင်ကျေးရွာကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျိုင်းလပ်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၉) နာရီက နမ့်ခင်းကျေးရွာအုပ်စုရှိ အမက (ဝမ်လန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊  မြဝတီခရိုင်  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ  မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉  နာရီက အမှတ်(၄) ရပ်ကွက်၊ ပညာရွှေဖူးကိုယ်ပိုင် အလယ်တန်းကျောင်း၌  ကျင်းပခဲ့သည်။

သရက်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊‌ သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့  သွားရောက်၍ ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ရပ်ကွက်အတွင်းလူနေအိမ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသိန်းထွန်းသည်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များ လိုက်ပါ လျက် ဖေဖော်ဝါရီ ၉ ရက်နေ့နံနက် (၁၁)နာရီက ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ လူနေအိမ်များနှင့် ထူးစက်သုံးဆီအရောင်းဆိုင်တို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရေးတို့ကို လှည့်လည်စစ်ဆေး အကြံပေးခဲ့ကြသည်။

မြဝတီခရိုင်၌ (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   ရဲရင့်ယဉ်ကျေး လိမ္မာဓမ္မစကူးလ်သင်တန်းတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသိရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်၊တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ် ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘ/ကကျောင်းများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၃၀) နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to