ကမမောင်း ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည်။
အဆိုပါ စမ်းသပ်မဲပေးခြင်းကို ရှေ့တန်းအမှတ် (၈) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ထိန်၊ ဖာပွန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစောမျိုးမြင့်၊ ဖာပွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ ဖာပွန်ခရိုင် ရွေးကောက်ပွဲအရာရှိ ဦးဝေဋ္ဌုအောင်နှင့် ကော်မရှင်အဖွဲ့ဝင်များက ကမမောင်းမြို့ရှိ မဲပေးရမည့်ပြည်သူများကို မဲပေးစက်ဆိုင်ရာအသိပညာများ ရှင်းလင်းဆွေးနွေးပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)