အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်အမှတ် (၂) တံတား ရေလယ်တိုင် ဘိုးပိုင်ရိုက်သွင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ် (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးရေး ညှိနှိုင်းဆွေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်အမှတ်(၂) တံတား ရေလယ်တိုင်အမှတ် (၅) ဘိုးပိုင်ရိုက်သွင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် ရိုးရာကောက်သစ်စားပွဲနှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို နိုဝင်ဘာ ၅ ရက်က ဆောင်ရွက်ခဲ့ကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း (ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလ ၆-၇ ရက် များတွင် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ လက်ခံကျင်းပမည့် (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ကျင်းပခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအား ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးစုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသ (အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောိတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မာစရိယဒီဃနိကာယပါဠိပါရဂူ)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ယမန်နေ့နံနက်ပိုင်းက  သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့တော်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Subscribe to