လိပ်သိုမြို့တွင် (၂၅)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီး ကျင်းပ

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၌ (၂၅) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီးကို မယ်တော်ဂူ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့နယ်တွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန Class A  လမ်းကြီးကြပ်ရေးအဖွဲ့  ၊ လွိုင်လင်ခရိုင် မှ ဆောင်ရွက်ခဲ့သည့် လွိုင်လင်-တောင်ကြီး ပထစ- ပန်ဝိုး-ဝါးတော-နောင်တောင်း-နောင်ဟူးလမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းထိပ်ဖွင့်ပွဲမုခ်ဦးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

ကျုံပျော်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို  မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ယနေ့နံနက် ၉ နာရီ အချိန်က  ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ညောင်လေးပင်မြို့ ထူပါရုံဘုန်းကြီးကျောင်းအတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။

မင်းလှမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

ရေနံချောင်းမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့အနားယူခြင်း အစားထိုးရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့က အိုးဘိုရပ်ကွက်ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် အကျော်စူဠာမြသီတာ တန်ဆောင်းတော်အတွင်း၌ ကျင်းပသည်။

အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့သည်။
Subscribe to