ရပ်စောက် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းသား/ကျောင်းသူများက ပန်းပွားအကဖြင့်အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူများက ရိုးရိုးပြေး၊ ကြိုးသီ၊ အရောင်ရွေး၊ အရုပ်ပိုက်ပြေး၊ ရေဖြည့်၊ အာလူးကောက်၊ ဘောလုံးအရောင်ရွေး၊ အံသွင်း၊ ပါဆယ်ဆက်၊ ပန်းပွင့်ဆက်၊ ပုံတူထပ်၊ အင်္ကျီကြယ်သီးတပ်၊ မုန့်စား၊ ဝက်အူရစ်၊ အလံစိုက်ပြေး၊ သံပရာသီးဇွန်းကိုက်၊ နို့ဆီဘူးဆင့်၊ လက်ဆင့်ကမ်းစသည့်ပြိုင်ပွဲများကို အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်