မောက်မယ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား မောက်မယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့နယ်နမ့်ယွမ်းခန်းမတွင် စတင်ထုတ်ပေးကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံမှူးနှင့် တာဝန်ရှိသူများက လာရောက်ထုတ်ယူမှုအခြေအနေတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့က လိုက်လံကြည့်ရှုကာ မဲရုံ (၃၃)ရုံအတွက် (၁၈၄)လုံး၊ အရန်(၁၂)လုံး စုစုပေါင်း (၁၉၆)လုံးအား မဲရုံအသီးသီးမှ မဲရုံတာဝန်ခံများထံသို့ စနစ်တကျထုတ်ပေးခဲ့ပြီး လုံခြုံရေးနှင့်အတူ မဲရုံအသီးသီးမှ တာဝန်ရှိသူများကို လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)