သနပ်ပင်မြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာပြသခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာစကား(၅)မျိုးပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

သနပ်ပင် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲ အပိုင်း(၂)တွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာပြသခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာစကား (၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၉)နာရီအချိန်တွင် လူစည်ကားရာနေရာများနှင့် မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေးပိုစတာတွင် ဆန္ဒမဲပေးပုံအဆင့်ဆင့်အကြောင်းများပါဝင်ပြီး လက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့”စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)