အုတ်ဖိုမြို့၌ မဲရုံများ လျှပ်စစ်မီးရရှိရေးနှင့် အရန်မီးစက်ထားရှိရေး ကွင်းဆင်းဆောင်ရွက်

အုတ်ဖို ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲရုံများ လျှပ်စစ်မီးရရှိရေးနှင့် အရန်မီးစက်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲရက်တွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက မဲရုံတာဝန်ခံများ၊ ရပ်/ ကျေးအဖွဲ့များနှင့်အတူ ကွင်းဆင်း၍ လျှပ်စစ်မီးရရှိမှုအခြေနေများနှင့် အရန်မီးစစ်ထားရှိနိုင်ရေးအတွက် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)