ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့ပေါ်(၁၄)ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင်အတွင်း အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေ ချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် မေလ ၂၃ ရက်မှ ၃၁ရက်နေ့အထိ ဆောင်ရွက်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြား နိုင်ရေး အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသန့်ရှင်းရေးလုပ် ငန်းများကို ယမန်နေ့နံနက် ၈နာရီ က အခြေခံပညာကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇီးပင်လှ ကြိုးဝိုင်းအနီးရှိ လိပ်ခွဲကျေးရွာ ကြာနီကန်ရေကန်ဝန်းကျင် ကျေးရွာပိုင်မြေတွင် ယမန်နေ့ နံနက် ၉နာရီက ဒေသခံကျေးရွာပြည်သူများ နှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ‌ပျော်ရွှင်၍ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများစုပေါင်းကာ မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲက မုန်တိုင်းဒဏ်ခံခဲ့ရသည့် စာသင်ကျောင်းများ၏ ပျက်စီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မင်းပြားမြို့ အ.ထ.က(၃)၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား တပ်မတော်နှင့် ဌာနဆိုင်ရာများက ခုတ်ထွင်ရှင်းလင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်း တိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခြံဝင်းအတွင်း၌ ပိမိနေသောသစ်ပင် သစ်ကိုင်းများအား နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယနေ့နံနက် ၇ နာရီက ဆက်လက်ခုတ်ထွင် ဖယ်ရှားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(အခမဲ့) ဆေးကုသပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာ စာသင်ကျောင်း၌ ဒေသခံ ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။
Subscribe to