ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းဝင် အသင်းသားများသို့ အခြေခံစားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မော်လမြိုင် ဧပြီ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းဝင် အသင်းသားများသို့ နှစ်သစ်ကူးကာလအတွက် အခြေခံစားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ည‌နေပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပေးအပ်ပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အသင်းသားဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အသင်းသား(၃၂)ဦးသို့ ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများ စုစုပေါင်းငွေကျပ် ၂၅ သိန်းခန့်တန်ဖိုးရှိ ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)