ထန်းတပင်(ရန်ကုန်) ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပြသဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ(၃၁)ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းများကို မြို့နယ်ရုံးဝန်ထမ်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပြသပေးခဲ့ကြပြီး ဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)