မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်

မိုးညို မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre )တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြာင်း သိရသည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းနှင့် ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်တို့က လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါး ဆိုသည်မှာ၊  မူးယစ်ဆေးဝါးသုံးစွဲမိသောအကြောင်းရင်းများ၊ လူငယ်လူရွယ်များ ဆေးသုံးစွဲရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အတွင်း အနာဂတ် လူငယ်လူရွယ်များ မရောက်ရှိစေရေးအတွက် စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)