ရန်ကုန် မေ ၂၁
ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ အမိုးသွပ်ပြားများ၊ သွပ်ရိုက်သံများကို အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဆက်လက်လှူဒါန်းခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မိုခါမုန်တိုင်း ဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ၊ ဆေးဝါးများလှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အလျင်မြန်ဆုံး ထိရောက်စွာ ပေးပို့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)