ဒဂုံတောင် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လျော့နည်းမှုမရှိစေရေး ယမန်နေ့ညပိုင်းအချိန်က အမှတ်(၁၄၄) စက်မူဇုန်အတွင်းရှိ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်အတွင်း ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လမ်းဘေးဝဲယာတစ်လျှောက်ရှိ လျှပ်စစ်မီးကြိုးများ ပြတ်တောက်မှုများ စစ်ဆေးခြင်း၊ သစ်ပင်သစ်ကိုင်းများနှင့် ထိဆက်နေသော ဓာတ်ကြိုးများ ရှိမရှိစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးလျော့နည်းနေသည့် ထရန်စဖာအိုး အဟောင်းအား အသစ်လဲလှယ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အတွင်းရှိ အခြားသောရပ်ကွက်များတွင်လည်း လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိစေရေး ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးက သိရသည်။
မြို့နယ်(ပြန်/ဆက်)