အထက်မင်းလှ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပရေး၊ရေစီးရေလာကောင်းမွန်စေရေး၊ မိုးရာသီကာလတွင် ခြင်ပေါက် ပွားမှုမရှိစေရေးအတွက် ကွက်သစ်ရပ်ကွက်၊ ဈေးအနောက်ဘက်လမ်းရှိ ရေမြောင်းများတွင် အမှိုက်ရှင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့တွင်းရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးရေမြောင်း အတွင်းရှိ၊ အမှိုက်များ၊ ရွှံ့မြေများ၊ နှုန်းမြေများအား ရှင်းလင်းဖယ်ရှားခဲ့သည်။
မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး မြို့တွင်း လမ်းဘေး၊ ဝဲ၊ယာတစ်လျှောက် မြက်ပင်များ ၊အမှိုက်သရိုက်များသိမ်းဆည်းခြင်း မြို့ပေါ် ရပ်ကွက်များတွင် သတ်မှတ်ရက်အလိုက် အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် လှည့်လည်သိမ်းဆည်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)