မင်းဘူး မေ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သူသုံးကုန်ထုန်လုပ်မှု နည်းပညာသင်တန်း (၅/၂၀၂၃)ကို ယမန်နေ့ နံနက်ပိုင်းက အိုးပြင်မဲအုပ်စု လက်ပန်တောကျေးရွာ၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း မင်းဘူးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
သင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ ဆပ်ပြာပြုလုပ်ရာတွင် ဓါတုဗေဒကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ရှားစောင်း၊ ကော်ဖီနနွင်း၊ အောင်မဲညို၊ ရေချိုးဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်အမျိုးမျိုးအပြင် သဘာဝ ခေါင်းလျှော်ရည်၊ Shampoo၊ Body Scrub ၊ Foot Scrub နှင့် ဆံသားအားဖြည့်ပေါင်းဆီ စသည့် ဘာသာရပ်များကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ခရိုင်အတွင်းရှိ မြို့နယ်များတွင် အသေးစား၊ အလတ်စား ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ဒေသတွင်း အသက်မွေးဝမ်း ကြောင်း အထောက်အကူပြုလုပ်ငန်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးလျက်ရှိ ကြောင်း မင်းဘူးခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက ပြောသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၃)ကို အိုးပြင်မဲကျေးရွာ၊ လက်ပန် တောကျေးရွာနှင့် အိုင်းမကျေးရွာများမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး ဧပြီ ၂၅ ရက်မှ ၂၉ ရက်နေ့ အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရ သည်။
မောင်မောင်(မင်းဘူး)