နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သုတ၊ ရသစာအုပ်များ အခမဲ့ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ချီးမြှင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ချီးမြှင့်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကျပ်သန်း (၇၀၀၀)ကျော်ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေ ကျပ်သန်း (၇၀၀၀)ကျော်အား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

လေးမျက်နှာမြို့ အောင်မင်္ဂလာစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်(၈)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ သည်။

မြင်းခြံမြို့ အ.ထ.က(၁)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်း(၁)၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။

ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာအထက်တန်းကျောင်း (နဝရတ်)ခန်းမတွင် ယမန်​နေ့​ ​နေ့လယ်(၁၂)နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး သရုပ်ပြ​လေ့ကျင့်ခြင်းနှင့် အသိ ပညာ​ပေး ​ဟော​ပြောပွဲ ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဥ်(၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

 ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျေင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဥ်(၄)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ  

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် သာသနာ့ဗိမာန်သုံးထပ်ဆောင်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသောတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်သည်။
Subscribe to