မိုင်းနောင်မြို့ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှ စ၍ကျောင်းအပ်နှံခြင်းများ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်စတင်လက်ခံ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ အတန်းအသီးသီး၌ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသား/ကျောင်းသူ များအား ကျောင်းအပ်နှံခြင်းစတင်ဆောင်ရွက်

ခိုလမ်မြို့ အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၈၇၃၆ ဦး လာရောက်အပ်နှံ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ယနေ့နံနက်ပိုင်းကစတင်၍ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၇၃၆ ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ  စိုင်းရကြိုးဝိုင်း၊ အကွက်အမှတ် (၇၃)အတွင်း အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယ​နေ့   နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများတွင် စတင်၍ကျောင်းအပ်လက်ခံ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစိုက်တောင်သူများအား ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစိုက်တောင်သူများအား ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံ့စီးပွားမြင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဒေသတွင်း MSME လုပ်ငန်းရှင်များ ပါဝင်သည့် Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မေ ၂၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
Subscribe to