ရေတာရှည် မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ စိုင်းရကြိုးဝိုင်း၊ အကွက်အမှတ် (၇၃)အတွင်း အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန့်ဇင်ဝေ နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ပျိုးပင်များ ပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဂုံမင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀)ဦးမှ ကျွန်း၊ ပိတောက်၊ သင်းဝင်၊ ပျဥ်းမ၊ မန်ဂျန်ရှား စသည့် သစ်ပင်ပျိုးပင် (၄၅၀)ပင်အား သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ ဆက်)