ဇီးကုန်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစိုက်တောင်သူများအား ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံ့စီးပွားမြင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဇီးကုန်းမြိုနယ် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် "နိုင်ငံ၏စီးပွားရေးအခြေနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်"ဆိုသည့် မူဝါဒနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာမည်ဖြစ်ပြီး တောင်သူများ၏အခြေခံဘဝကို တိုက်ရိုက်ကူညီရာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ကော်မတီ၏လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လုပ်ကိုင်ရမည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ရပ်/ကျေးကော်မတီဝင်များနှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်နိုင်ငံစီးပွားမြှင်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းပေးခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက(၄၈၀၇၇) လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူ(၂၄၅)ဦးအတွက် ဧက(၁၁၀၀)ကို မေလကုန်တွင် ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)