သုံးခွ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်းသိရသည်။
သုံးခွမြိုနယ်တွင် အခြေခံပညာအ.ထ.က (၁၀)ကျောင်း၊ အ.ထ.က(ခွဲ)(၁၀)ကျောင်း၊ အ.လ.က(၉)ကျောင်း၊ အ.လ.က(ခွဲ)(၉)ကျောင်း၊ မူလွန်(၁၀)ကျောင်း၊ အ.မ.က(၉၇)ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း(၆)ကျောင်း စုစုပေါင်း(၁၅၂)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်း၀တ်စုံတို့ကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အ.ထ.က(၁)ကျောင်းအုပ် ဆရာကြီး ဦးမြင့်သိန်းထံမှ သိရသည်။ သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား/ သူများ ကျောင်းစတင်ကျောင်းအပ်နှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်စီမံအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)