ကျွန်းစု မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၅)ကျောင်းရှိရာ အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာများက မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ စတင်၍ မေလ(၃၁)ရက်နေ့ အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ကျောင်းအပ်နှံမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃)သောင်း ကျော်ခန့် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထက်မြင့် (ပြန်/ဆက်)