မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက မြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှု

ပေါက်ခေါင်း ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အပိုင်း(၂)တွင် ပါဝင်သည့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုအခြေအနေများကို ယမန်နေ့နေ့လယ်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)