ပုသိမ် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုကို စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ (၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် သတ်မှတ်ထားရာ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိပြီး သက်ဆိုင်ရာကျောင်းအသီးသီးရှိ တာဝန်ကျဆရာ/မ များက စနစ်တကျလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်\ဆက်)