ငါးသိုင်းချောင်းမြို့ မေ ၂၄
ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မီမီဝင်းက စာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချယ်ရီမြင့်က စားသုံးသူများရှောင်ကြဥ်ရမည့် အစားအသောက်များနှင့် စားသုံးသူများ၏အခွင့်အရေးများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တက်ရောက်လာသူများအား ငါးသိုင်းချောင်းမြို့ပြည်သူ့စာကြည့်တိုက်ရှိ အသစ်ထွက်ရှိသည့်စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ (Book club) နှင့် (Youth club) အဖွဲ့ဝင်များ၊ မြို့ခံ လူငယ်များ (၃၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)