မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team)အစီအစဥ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မိုင်းနောင် မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team) စနစ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်း၊ စစ်ခြင်းများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့ အဆုပ်ရောဂါ အထူးကုဆရာဝန်မကြီး ဒေါက်တာအိအိချော ဦးစီးသောအဖွဲ့နှင့် ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာမောင်မောင်မြတ်ဘိုသူ၊ မိုင်းနောင် တပ်နယ် ဆေးတပ်မှ ဗိုလ်ကြီး ဒေါက်တာရန်မျိုးအောင်၊ ပြည်သူ့ဆေးရုံမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများသည် မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဆုပ်နှင့်ပတ်သက်သည့် ရောဂါလက္ခဏာများ ရှိ/မရှိ (Digital X Ray) စက်ကြီးဖြင့် စမ်းသပ်စစ်ဆေးခြင်းများကို (အခမဲ့) ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

တီဘီရောဂါ လက္ခဏာများရှိ/မရှိ စမ်းသပ်စစ်ဆေးသည့်နေရာသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လာရောက်ပူးပေါင်းဆောင်ရွက်ကာ မိုင်းနောင်မြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ မြိုပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံတိုင်းရင်းသားများက လာရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)