ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ကျွန်းလှ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ‌စစ်ကြောင်းကြီးငါးကြောင်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)၌ ကျင်းပကြောင်း သိရ သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး၊ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များ ပေးဆောင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက ရန်အောင်မင်္ဂလာကျောင်း တောင်ဘက် အမှတ်(၁)လမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ပေးရေးနှင့် အမှတ်(၂) လမ်းတွင် ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရေးတို့ကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

မျိုးဝင်းညို ကျွန်းလှ