ငါ့သရောက်မြို့ ကျေးရွာချင်းဆက်လမ်းမပေါ်လဲကျနေသည့် ကုက္ကိုပင်အား မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်းဖယ်ရှား

ညောင်ဦး မေ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ငါ့သရောက်နယ်မြေမီးသတ်စခန်း၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာ  ရွာပုလဲကျေးရွာနှင့် အိုရင်းကျေးရွာသို့ ဆက်သွယ်ထားသည် ကျေးရွာချင်းဆက်လမ်းမပေါ်၌  ယနေ့နံနက် ၁၀ နာရီခွဲ ခန့်အချိန်က ကုက္ကိုပင်လဲကျ လမ်းပိတ်ဆို့နေခြင်းအား ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ် ပိတ်ဆို့လဲကျနေသည့် ကုက္ကိုပင်သည် ပင်စည်လုံးပတ် ၆ ပေပတ်လည်ခန့်၊ အမြင့် ၅၀ ပေ၊ နှစ်သက်တမ်း (၇၀)ခန့်ရှိ ကုက္ကိုပင်လဲကျ၍ ကျေးရွာချင်းဆက်လမ်းပေါ် ကန့်လန့်ဖြတ်ပိတ်ဆို့နေရာ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင်ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် ရွာပုလဲကျေးရွာနှင့် အိုရင်းကျေးရွာ ဆက်သွယ်ထားသော လျှပ်စစ် ဓာတ်အားလိုင်းမှ ဓာတ်တိုင်(၃)တိုင်ခန့် ယိုင်လဲပျက်စီးခြင်းနှင့် လျှပ်စစ်ဝါယာကြိုးများ ပြတ်တောက်ခဲ့ကြောင်း သိရပြီး လူနှင့်တိရစ္ဆာန်ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ဒီပါလင်း