အမရပူရ မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show တွင် အပူဒဏ်ကြောင့်ဖြစ်တတ်သည့် ရောဂါများအကြောင်းနှင့် အပူဒဏ်ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူများသိရှိစေရန် ထည့်သွင်းပြောကြားခဲ့သည်။ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပေါပွဲတွင် လက်ရှိရာသီဥတုအခြေအနေ၊ မလိုအပ်ပဲအပြင်မထွက်ကြရန်၊ အပြင်ထွက်ခဲ့ပါက လုံခြုံသည့်အကာအကွယ်များနှင့် သွားလာကြရန် စသည့်အချက်များကို ဟောပြောခဲ့ပြီး နံရံကပ်စာစောင်တွင် အပူဒဏ်၏အန္တရာယ်ကြီးမားပုံများ၊ ဆောင်ရန်၊ ရှောင်ရန်များကို ရေးသားဖော်ပြထားကြောင်း သိရသည်။
ထို့နောက် စာကြည့်တိုက်ရှိစာအုပ်များ အများပြည်သူတို့ စိတ်ဝင်စားဖတ်ရှု့လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)