မဘိမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နတ်မောက်မြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးနေမှုအား  တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးနှမ်းစိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသွားရောက်၍ ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ကွင်းဆင်းပြီး တောင်သူ ပညာပေးဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)ဒိုက်ဦးအောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အမှိုက်ကောက်ယူခြင်း Plastic Campaign ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်အကြို အမှိုက်ကောက်ယူခြင်း plastic campaign အား ယနေ့ နံနက်ပိုင်းက ရွှေမြင်တင် ဘုရားဝင်းနှင့် ကန်တော်လေး ကန်ဘောင်တစ်လျှောက်၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မိုင်းပျဉ်းမြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လားရှိုးခရိုင်ဘဏ်ခွဲမှ မြို့နယ်လေးမြို့နယ်ရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်အတွင်းနှင့် ကျောက်မဲခရိုင်အတွင်းမှ မြို့နယ်လေးမြို့နယ်မှ တောင်သူများအတွက် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ လားရှိုးခရိုင်ဘဏ်ခွဲမှ မေလ ၁၈ ရက်နေ့မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် သမဝါယမရုံးရှေ့တို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လှည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး ဆက်လက်ထွက်ခွာရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြို့သစ်) ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ကျောင်းအဆောက်အဦ ပျက်စီးနေမှုကို လှည့်လှည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအခြေအနေများကို မြို့နယ်မှ တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် တွင် ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ မေလ ၂၃ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုအခြေ အနေများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့ နံနက် ၂ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
Subscribe to