နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေး

နောင်ချို မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင်  အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးမှ စာပေချစ်မြတ်နိုးသူ စာဖတ် ပရိသတ်များအတွက် Mobile Library စနစ်ဖြင့်သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ ငှားရမ်းပေး သောစာအုပ်များအား နောက်အပတ် ကြာသပတေးနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ဌာနဆိုင်ရာအသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များအတွင်းရှိ စာဖတ်ပရိသတ်ပြည်သူများ စာပေနှင့်အဆက်မပြတ်စေရန်၊ အဆင်ပြေစွာစာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်း သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)