မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း မေ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မိုင်းပျဉ်းမြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက စီမံကိန်းရည်မှန်းချက်တာဝန်းပေး အပ်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါသင်းက ​ဒေသန္တရစီမံကိန်းရည်မှန်း ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်ဝင်းက ဒေသန္တရစီမံကန်း ရည်မှန်းချက်တာဝန်များကို မြို့နယ် လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင် အားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးထက်အားလည်းကောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းနိုင်ဦးအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး Dr.ကျော်ဇင် ထက်အားလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ်စာတိုက်မှူး ဒေါ်ခိုင်ချိုချို အားလည်းကောင်း စီမံကိန်း လုပ်ငန်းတာဝန်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)